ရှမ်းပြည်နယ်တွင် ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃)ကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်တွင် ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃)ကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ





MNP ၊ မေ  ၃၀

စီမံကန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရှမ်းပြည်နယ် ဗဟိုစာရင်းအင်း အဖွဲ့မှ ကြီးမှူးကျင်းပသော ရှမ်းပြည်နယ် အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့် လက်လီရောင်းဝယ်ရေး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃)ကောက်ယူရေးသင်တန်းဖွင့်ပွဲကို မေ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။


သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို (၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ) ရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်း ကော်မတီ(၈)ရပ်နှင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီများတွင် ရှမ်းပြည်နယ် စာရင်း ကောက်ယူရေး လုပ်ငန်းတာဝန်များဖြစ်သည့် စာရင်းကောက်ယူရမည့်အချိန်ကာလနှင့် စုစည်းတင်ပြရမည့်အချိန်ကာလ သတ်မှတ်ပေးခြင်း၊ စီမံကိန်းကာလအတွင်း ကလေး လုပ်သားစာရင်း စစ်တမ်းကို (၂)နှစ်တစ်ကြိမ် ထုတ်ပြန်နိုင်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့အစီရင်ခံစာ တင်သွင်းခြင်းနှင့် ကလေးလုပ်သား ဆိုင်ရာစစ်တမ်းကို ရှမ်းပြည်နယ်အတွင်း ကောက်ယူဆောင်ရွက်ရန်အတွက် စာရင်း ကောက်ယူရေးအဖွဲ့ဝင်များကို စာရင်းကောက်ယူပြုစုခြင်းဆိုင်ရာသင်တန်းပေးခြင်းနှင့် တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသန်း က စစ်တမ်းကောက်ယူရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရာက်လာသူ များ၏ မေးမြန်းဆွေးနွေးချက်မျာအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူများစုစုပေါင်း ၆၅ ဦးတက်ရောက်ခဲ့ပြီး ၃၀-၅-၂၀၂၂ ရက်နေ့မှ ၃၁-၅-၂၀၂၂ ရက်ထိ နှစ်ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - စိုင်းသန်းကျော်(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)