MNP ၊ မေ ၃၀
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်များတွေ့ဆုံပွဲကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က ဒက္ခိဏမြို့နယ်တွင် ၂၀၂၀ မှစ၍ ယနေ့အထိ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများတွင် ပါတီတာဝန်ထမ်းဆောင်ခဲ့ကြသည့် သူများကို စုံညီဂုဏ်ပြုပွဲပြုလုပ်မည့်အစီအစဉ်များ၊ မြို့နယ်အတွင်း လူငယ်လူရွယ်များ ကျန်းမာပြီး ကာယကြံ့ခိုင်ရေးနှင့် မျိုးချစ်စိတ်ဓာတ် အားကစားစိတ်ဓာတ် တိုးတက်ရေး မိုးရာသီ ဘောလုံးကစားပွဲ၊ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပမည့် အစီအစဉ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင် ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးလှဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ အလုပ်အမှုဆောင်များ ရပ်ကွက်နှင့် ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ အမှာစကားပြောကြားရာတွင် ဒက္ခိဏမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ကွက်၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ ဒက္ခိဏမြို့နယ်တွင် ၂၀၂၀ မှစ၍ ယနေ့အထိ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများတွင် ပါတီတာဝန်ထမ်းဆောင်ခဲ့ကြသူများကို စုံညီဂုဏ်ပြုပွဲပြုလုပ်မည့်အစီအစဉ်များ၊ မြို့နယ်အတွင်း လူငယ်လူရွယ်များ ကျန်းမာပြီး ကာယကြံ့ခိုင်ရေးနှင့် မျိုးချစ်စိတ်ဓာတ် အားကစားစိတ်ဓာတ် တိုးတက်ရေး၊ မိုးရာသီ ဘောလုံးကစားပွဲ၊ မာရသွန် အပြေးပြိုင်ပွဲကျင်းပမည့် အစီအစဉ်များကို အကျယ်တဝင့်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo - USDP
https://t.me/MyanmarNationalPost







No comments:
Post a Comment