MNP - မေ ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ အမှတ်(၆)ရပ်ကွက်ရှိ အေးစေတီ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ယနေ့ နံနက် ၉ နာရီက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဘူးသီးတောင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ ဘုန်းတော်ကြီးကျောင်းရှိ စေတီရင်ပြင်နှင့် ကျောင်းဝင်း အတွင်းရှိ အမှိုက်သရိုက်များ၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ တံမြက်စည်း လှဲခြင်း၊ ကျောင်းဝင်း အတွင်း/ အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း အမှိုက်များရှင်းလင်းခြင်းများအား စုပေါင်းကုသိုလ်ပြုဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
သတင်း - လှကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment