အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း လက်တွေ့သရုပ်ပြသနည်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း လက်တွေ့သရုပ်ပြသနည်း ကျင်းပ


            



MNP - မေ   ၁၇


မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယနေ့ လက်တွေ့သရုပ်ပြသနည်းကို နံနက်(၉:၃၀)နာရီအချိန်က ကျင်းပ‌ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယနေ့ကို တက်ရောက်လာ‌သော သင်တန်းသား/ သင်တန်းသူများအား မိမိတို့အ‌နေဖြင့် အခက်အခဲများ ကြုံကြိုက်လာလျှင် လျင်မြန်စွာလုပ်ဆောင်တတ်စေရန်နှင့် အခြားသူများအခက်အခဲရှိလာလျှင်လည်း ကူညီမှု‌ပေးနိုင်‌စေရန် စသည်များ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်  သင်တန်းနည်းပြဆရာမ  ကြက်ခြေနီတပ်ခွဲမှူး ဒေါ်ခင်ခင်သင်းက တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား ပထနေ့မှာ စာတွေ့နှင့်ယခုလိုဒုတိယနေ့မှာ အရိုးကျိုးခြင်း၊ မေ့မြောခြင်းနှင့်ထိတ်လန့်ခြင်း၊ အသက်ရှူအားကူနည်းများ၊ ပတ္တီးလိပ်စည်းနည်းများကို လက်တွေ့သရုပ်ပြသ သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်းပြောကြား၍ သင်တန်းသား/သင်တန်းသူများအား သက်ဆိုင်ရာဘာသာရပ်များ ဆက်လက်ပို့ချကာ သင်တန်းသား/သင်တန်းသူများကလည်း စိတ်ပါဝင်စားစွာ လက်တွေ့သရုပ်ပြသမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)