MNP - မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူနိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ‘ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူပေးခြင်းဖြစ်ပြီး ဆိုင်းဘုတ်စိုက်ထူရာသို့ တောင်ဥက္ကလာပ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များမှ တက်ရောက်၍ အားပေးကြည့်ရှုခဲ့ကြပြီး တောင်ဥက္ကလာပမြို့နယ်တွင် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပါတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
သတင်း - ခင်ဆွေနှင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment