တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နေရပ်အသီးသီးသို့ ပြန်နိုင်ရေးကူညီဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နေရပ်အသီးသီးသို့ ပြန်နိုင်ရေးကူညီဆောင်ရွက်ပေး




MNP - မေ  ၂၁


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ နှစ်နိုင်ငံဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား (၁၁၆) ဦး ပြန်လည်ဝင်ရောက်လာရာ ယနေ့နေ့လယ် (၁၂) နာရီအချိန်က မိမိတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ အကျဉ်ထောင်အသီးသီးတွင် အကျဉ်းကျခံရသည့် မြန်မာနိုင်ငံသား ကျား (၁၁၆) ဦး၊ မ (၅၄) ဦး စုစုပေါင်း (၁၇၀) ဦး မြန်မာ-တရုတ်နှစ်နိုင်ငံဝင်/ ထွက်ပေါက်နန်းတော်ဂိတ်မှ လွဲပြောင်းပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဉက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဉက္ကဋ္ဌ ဦးဇော်လင်းတို့ကဦးဆောင်၍ (၁,၀၂၀,၀၀၀) ကျပ်အား နေထိုင်စားသောက်ရေးနှင့် နေရပ်အသီးသီးသို့ ပြန်နိုင်ရေးအတွက် ထောက်ပံ့ လှူဒါန်းသည်။ ထို့ပြင်လမ်းခရီအဆင်ပြေစေရန် မော်တော်ယာဉ်များ စီစဉ်ပေးခြင်း ခရိုင်လဝက ဦးစီးမှူးဦးရဲ့ရင့်ထွန်းမှဦးဆောင်၍ လဝကနှင့်သက်ဆိုင်သည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးပြီး မိမိတို့နေရပ်အသီးသီးစိတ်ချမ်းသာစွာ ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သည်များကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။


သတင်း - ချယ်ရီမြေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)