MNP ၊ မေ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မဟာမြတ်မုနိဘုရားကြီးအား သွန်းလောင်း ပူဇော်သည့် (၁၁၈)နှစ်ပြည့်အဖြစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့တွင် ရုပ်ပွားတော် မြတ်ကြီးအား ရောင်တော်ဖွင့်မင်္ဂလာကို အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းများ ဆက်ကပ်ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မျက်နှာ သစ်တော်ရေအားလည်းကောင်း၊ တိုင်းမှူးက မျက်နှာသုတ်ပဝါများအား လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရုပ်ပွားတော် မြတ်ကြီးမျက်နှာတော်အား ရောင်တော်ဖွင့်ပူဇော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် အမျှ ပေးဝေခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment