ဒုံဝန်းကျေးရွာ၌ ပုဗ္ဗာရာမသံဃိကစံကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုံဝန်းကျေးရွာ၌ ပုဗ္ဗာရာမသံဃိကစံကျောင်းဆောင် ကျောင်းလွှတ်ပူဇော်ပွဲ ပြုလုပ်






MNP ၊ မေ ၅

မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက်အတွင်း အလှူရှင်မိသားတစ်စုတို့က သံဃိကအဖြစ်ရည်စူး လှူဒါန်းထားသည့် ပုဗ္ဗာရာမသံဃိကစံကျောင်းဆောင် ကျောင်းလွတ်ပူဇော်ပွဲကို ယနေ့၊ မေလ ၅ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ကျောင်းလွတ်ပူဇော်ပွဲတွင် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှုဒါန်းကြပြီး အလှူရှင်မိသားစုဝင်များနှင့်အတူ ကြွရောက်လာကြသော ဧည့်ပရိသတ်များက အနုမောဒနာရေစက်ချတရားနာယူကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အမျှတန်းပေးဝေ သာဓုခေါ်ဆိုခဲ့သည်။

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက်အတွင်း ပုဗ္ဗာရာမသံဃိကစံကျောင်းဆောင်အား သထုံမြို့နေ မိခင်ကြီးဒေါ်လှမြင့် ၏ ၇၀ နှစ်ပြည့် မွေးနေ့ကောင်းမှုအလှူအဖြစ် (ဦးရွှေအုပ်)နှင့် ဒေါ်လှမြင့် မိသားစု သားသမီးများက ဇာတိချက်ကြွေ မွေးရပ်မြေ၌ သံဃိကမြောက် လာရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဗ္ဗာရာမသံဃိကစံကျောင်းဆောင်သည် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ အာရ်စီ တစ်ထပ်အဆောက်အဦးဖြစ်ပြီး  ငွေကျပ် သိန်းပေါင်း ၄၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)