MNP ၊ မေ ၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂ ခုနှစ်မေလ ၅ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သံတွဲခရိုင်မီးသတ်ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံမှပေးပို့သည့်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က ဖတ်ကြားသည်။အဆိုပါသဝဏ်လွှာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်ထဲရေးဝန်ကြိးဌာန၏လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဟာ ဗျူဟာကျသည့် ကြိုတင်စီမံမှုအပိုင်း ၊ မီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အပိုင်း၊ ပြန်လည်သုဲံးသပ်မှုဆိုသည့် အရေးကြီးအချက်(၃)ချက်ကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ၊ မီးသတ်တပ်ဖွဲ့၏ အဆင့်လိုက်ခေါင်းဆောင်များအနေနဲ့ ခေါင်းဆောင်ကောင်းများဖြစ်စေဖို့ ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နဲ့ချိန်ထိုးဆောင်ရွက်သွားကြဖို့လိုအပ်ပါကြောင်း၊ သို့မှသာစွမ်းရည်ထက်မြက်ပြီး ခိုင်မာမှု ရှိသည့် အင်အားစုတစ်ခုအဖြစ် ပြည်သူကိုအလုပ်အကျွေးပြုနိုင်ပြီး ပြည်သူက ချစ်ခင်လေးစားပြီး အားကိုး ယုံကြည်ရသည့် တပ်ဖွဲ့ဖြစ်လာမှာဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်သံတွဲခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူရဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ သံတွဲခရိုင် မီးသတ်ဦးစီးမှူးက ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းများပြသထားရှိမှုများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများအတွင်း သံတွဲခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့၏ ပူးပေါင်းကူညီဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို လိုက်လံရှင်းလင်းပြသရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့်တာဝန်ရှိများက လှည့်လည်ကြည့်ရှု ခဲ့ကြပြီး အခမ်းအနား တက်ရောက် လာကြ သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost

No comments:
Post a Comment