နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း လှူဒါန်းသည့် ဆန်၊ ဆီများအား မွန်ပြည်နယ် ဝန်ကြီးချုပ်က မော်လမြိုင်မြို့တွင် ထပ်ဆင့်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း လှူဒါန်းသည့် ဆန်၊ ဆီများအား မွန်ပြည်နယ် ဝန်ကြီးချုပ်က မော်လမြိုင်မြို့တွင် ထပ်ဆင့်လှူဒါန်း




MNP ၊ မေလ ၅

ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းဝေယျာဝစ္စများ ပြည့်စုံရေး၊ ဆရာတော်၊ သံဃာတော်များ၊ ပရိယတ္တိစာပေများ စိတ်အေးချမ်းသာစွာ သင်ကြားအားထုတ်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လှူဒါန်းသည့် ဆန် နှင့် ဆီများ ထပ်ဆင့်လှူဒါန်းပွဲကို  ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီ(ရဲကျောင်း) စာသင်တိုက်တွင် ကျင်းပသည်။

အခမ်းအနားကို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ မော်လမြိုင်မြို့၊ မြစေတီ (ရဲကျောင်း)စာသင်တိုက်  ပဓာန နာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တဝိမလဗုဒိထံမှ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကာ၊ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုသည်။

ထို့နောက် ဆရာတော် သံဃာတော် များအားဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ပြီး၊ လှူဖွယ်ဝတ္ထုအစုစုအတွက အနုမောဒနာတရားနာယူကာ ရေစက်ချ အမျှပေးဝေသည်။ မြစေတီ(ရဲကျောင်း) စာသင်တိုက်အတွက ဆန်(၂၄)ပြည်ဝင်(၁၀၀)အိတ်နှင့် ဆီ(၁၀)ပိဿာ (၅)ပုံး ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)