မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 



MNP - မေ   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပန်ဝိုးကျေးရွာအတွင်းရှိ ပြည်သူများကို မိုင်းလုံမြို့ရှေ့တန်းရုံးမှ လဝကဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရာတွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူကြီးတို့က ကျေးရွာနေပြည်သူများကို စုရပ်အဖြစ် ရွာဦးဘုန်းကြီးကျောင်းတွင်သတ်မှတ်၍  ဆောင်ရွက်ရာတွင်   အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကိုဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှပယ်ဖျက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြန် လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကို  အသစ်ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ အမျိုးသား(၁၅)ဦး အမျိုးသမီး(၂၈)ဦး စုစုပေါင်း(၄၃)ဦး၊ အိမ်ထောင်စု(၁၅)စုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးပြီး  ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏  လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ဇော်

မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)