MNP - မေ ၄
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့နံနက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်များ၊ အဆောက်အဦများ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)ခုတွင် လူနေအိမ် (၈)လုံး ပြိုလဲပျက်စီးခြင်းနှင့် လူနေအိမ်(၂၆)လုံးအမိုးလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။ ထို ပျက်စီးဆုံးရှုံးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက် ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment