ကျိုင်းတုံမြို့၌ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်နှင့် စားသောက်ဆိုင်များအတွက် အခြေခံဝန်ဆောင်မှုသင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်နှင့် စားသောက်ဆိုင်များအတွက် အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်

 



MNP - မေ   ၁၆


ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်း ဆိုင်ရာ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ဧည့်လမ်းညွှန်နှင့် စားသောက်ဆိုင်များအတွက် အခြေခံ ဝန်ဆောင်မှု သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကျိုင်းတုံဟိုတယ်သစ်၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်း အရင်းအမြစ်များကြွယ်ဝသော နေရာဒေသဖြစ်သည့်အတွက် အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းဖြစ်စေရန် မသန်စွမ်း သူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဒေသခံများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါကြောင်း ပြောကြားသည်။


အဆိုပါအခြေခံဝန်ဆောင်မှုဆိုင်ရာသင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်း ဧည့်လမ်းညွှန်များနှင့် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၇၀ ဦး တက်ရောက်ပြီး မေလ ၁၆ ရက်မှ ၁၇ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)