မိုင်းရယ်မြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-8) သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-8) သင်တန်းဖွင့်လှစ်ပို့ချ




MNP - မေ   ၁၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-8) သင်တန်းကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည်။


သင်တန်းမစတင်မီ သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးက သင်တန်းနှင့်ပတ်သက်သည့် သင်ရိုးနှင့်စည်းကမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။


မိုင်းရယ်မြို့နယ်တွင် သင်ရိုးသစ် (Grade-8)  သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမ စုစုပေါင်း (၈၄)ဦးရှိပြီး နည်းပြ(၇)ဦးဖြင့် အနီးကပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သင်ရိုးသစ် (Grade-8) သင်တန်းကို မေ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)