လက်ပံတန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လက်ပံတန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ ကျင်းပ



MNP - မေ   ၄ 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာ စိုက်ပျိုးရေးစခန်းတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တောင်သူများသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်က သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကြောင့် တောင်သူများအနေဖြင့် မိမိတို့၏လယ်ယာမြေတွင် မြေဆီအာဟာရတိုးတက်ခြင်း အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုကိုလည်း လျော့ချပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

လက်ပံတန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ၁၅၀ ဧက  စိုက်ပျိုးရန်လျာထားပြီး၊ ကျေးအုပ်စု (၅)အုပ်စုမှ တောင်သူ(၃၆)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်တာဝန်ရှိသူများက မျိုးစေ့ထုပ်များ အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါပေးအပ်ပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။             

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)