ကျိုင်းတုံမြို့၌ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို



MNP - မေ   ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ (တတိယနေ့) သီလလက္ခန္ဓဝဂ္ဂပါဠိအဌကထာဘာသာကို ယမန်နေ့ မွန်းတဲ့ ၁၂ နာရီက အမှတ်(၃)ရပ်ကွက် သာသာနာ့ဗိမ္မာန်တော်ကြီး၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို တစ်နိုင်လုံးအတိုင်းအတာဖြင့် ဧပြီ လ ၃၀ ရက်မှ မေလ ၁၃ ရက်နေ့ထိ ဖြေဆိုကျင်းပလျက်ရှိရာ ကျိုင်းတုံစာဖြေဌာနတွင် (တတိယနေ့) သီလလက္ခန္ဓဝဂ္ဂပါဠိအဌကထာ ဘာသာကို သံဃာတော်နှင့် သီလရှင် စုစုပေါင်း  ၃၄ ပါး အေးချမ်းစွာ ကြွရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကျိုင်းတုံစာဖြေဌာန၊ ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေသံဃာတော်နှင့်သီလရှင်များအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်သာသာရေးဦးစီးမှူး(ရှမ်းအရှေ့) ဦးအောင်ခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့်တာဝန်ရှိသူများက အလှူငွေနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)