ကျိုင်းတုံမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်း ကာကွယ်ဆေး စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်း ကာကွယ်ဆေး စတင်ထိုးနှံပေး



MNP - မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အသက်(၄၀)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူများအား ယနေ့ နံနက်က  သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးအသီးတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းကာကွယ် ဆေးစတင်ထိုး နှံဆောင်ရွက်ပေးကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်များမှ အသက်(၄၀)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield နှင့် Sino pharm  နှစ်ကြိမ် ထိုးနှံပြီးစီးပြီး သတ်မှတ်ရက်ပြည့်သူများအား   မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာ အသီးအသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose  ထပ်ဆောင်းကာကွယ်ဆေးများ စနစ်တကျထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Booster Dose ထိုးနှံပေးခြင်းကို ကျိုင်းတုံမြို့ပေါ် အမှတ် (၁)နှင့်(၂) နေရပ်ကွက်နေပြည်သူများအား  နောင်တုံဟိုက်ပါမားကတ် စုရပ်နေရာတွင်လည်း ကောင်း၊ အမှတ်(၃)၊ (၄)၊ (၅) ရပ်ကွက်နေပြည်သူများကို ပါလျှံဘုန်းကြီးကျောင်း စုရပ်နေရာ တွင်လည်းကောင်း တာဝန်ရှိသူများက ထိုးနှံဆောင်ရွက်ပေးကြောင်း ကျိုင်းတုံ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)