အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပ



MNP - မေ   ၅

လူငယ်၊ လူရွယ်များ အင်္ဂလိပ်စာစွမ်းရည် တိုးတက်စေရန်နှင့်  အများရှေ့တွင် ရဲဝံ့စွာပြောဆိုနိုင်မှု စွမ်းရည်တိုးတက်စေရန်အတွက် ရည်ရွယ်ကာ  အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက် (၁၁:၀၀)နာရီအချိန်က အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး  ဒေါ်ခိုင်ဇာလင်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယခုလို ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် သင်တန်းများ၊ ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် ပါဝင်ကြရန်နှင့် အင်္ဂလိပ် စာဖတ်စွမ်းရည် ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးက မိမိတို့ကြိုက်နှစ်သက်သည့် အကြောင်းအရာ များကို အင်္ဂလိပ်ဘာသာစကားဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး  ပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦးနှင့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်များပေးခြင်းကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်ရုံးအနေဖြင့် လူငယ်များအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများ စသည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - တင်တင်ချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)