တောင်ဥက္ကလာပမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံ ပေးခြင်း‌ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံ ပေးခြင်း‌ ဆောင်ရွက်

 


MNP - မေ   ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ အသက် ၉ နှစ်မှ ၁၀ နှစ်ကြား အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်း ရောဂါ ကာကွယ်ဆေး (HPV)ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉:၃၀ မှ စတင်ကာ တောင်ဥက္ကလာပမြို့နယ် ၊အမှတ်(၆)ရပ်ကွက်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV) ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များက နေ့စဉ်ပုံမှန်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ လျာထားသူ (၁၂၃၇) ဦးရှိ၍ ထိုးနှံပြီးသူ (၂၆၄)ဦးရှိကြောင်း  သိရသည်။ 

အဆိုပါ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်း ရပ်ကွက်‌ပေါင်း (၁၃)ခုရှိ သတ်မှတ်အုပ်စုများအလိုက် ပြည်သူ များအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV)  ထိုးနှံရာတွင် ပြည်သူများ ကျန်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ကြကြောင်း သိရသည်။

သားအိမ်ခေါင်းရောဂါကာကွယ်ဆေး ထိုးနှံရန်လာရောက်သူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ ဆေးထိုးနှံရန် လာကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)