MNP ၊ မေ ၃
၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်မည့်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံတွဲမြို့ အမှတ်(၄)ရပ်ကွက် သမိုင်းဝင်လေးမျက်နှာကုန်းတော်ရှိ ဘုရား ရင်ပြင်တော်များနှင့် သမိုင်းဝင်ဗျာဒိတ်တော်ရ တန်ခိုးကြီးရွှေဆံတော်စေတီတော်ရင်ပြင်တို့တွင် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင်သံတွဲခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြပြီးသမိုင်းဝင်ဗျာဒိတ်တော်ရတန်ခိုးကြီးရွှေဆံတော်စေတီတော်တွင် ပန်း၊ဆီးမီး၊ရေချမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထိုသို့ဆောင်ရွက်နေမှုများကို ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်း ၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနေလင်းကျော် နှင့် တာဝန်ရှိ သူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး အချိုရည်၊မုန့်များဖြင့်ကျွေးမွေး ဧည့်ခံခဲ့ကြကြောင်း သိရသည်။
သတင်း - သန့်ဇင်
https://t.me/MyanmarNationalPost







No comments:
Post a Comment