MNP ၊ မေ ၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်းများကို ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာယမန်နေ့ညနေပိုင်းအချိန်က ရမ်းဗြဲမြို့ မြို့မအားကစားကွင်းအတွင်း လေ့ကျင့်သင်ကြားလျက်ရှိကြောင်းသိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများသင်ကြားပေးရာတွင် လူငယ်များအနေဖြင့် မိမိတို့စိတ်ပါဝင်စားသောအားကစားနည်းကို လေ့လာလိုက်စားသင်ကြားနိုင်စေရန်အတွက် စားပွဲတင်တင်းနစ်၊ ဘောလုံး၊ ဘော်လီဘော၊ Fitness Dance စသည့် အားကစားနည်းများကို သင်ကြားပေးလျက်ရှိသည်။
ထိုသို့ နေရာသီအခြေခံအားကစားသင်တန်းများသင်ကြားပို့ချပေးခြင်းမှာ လူငယ်များအနေဖြင့်အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်မြို့နယ်အတွင်းမှ အားကစားထူးချွန်သော လူငယ်လေးများပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်လျက် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost






No comments:
Post a Comment