စဉ့်ကူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်







MNP ၊  မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာပြည်သူများအား စဉ့်ကူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သီရိရတနာခန်းမ၊ မိုးကုတ်ဝိပဿနာရိပ်သာနှင့် မြစေတီဓမ္မာရုံတို့တွင် ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာ သိန်းထွန်းဆောင်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်၊ စဉ့်ကူးမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးထွန်းဗိုလ်နှင့် တပ်ဖွဲ့မှူး ဦးသူရကျော် တို့က စဉ့်ကူးမြို့သို့ရောက်ရှိလာသော နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၄၈)စုအတွက်  တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း Hygiene Parcel (၁၁)မျိုးပါ တစ်ဖာ၊ Dignity Kit (၁၁)မျိုးပါ တစ်အိတ်၊ စောင် (၁)ထည်၊ တီရှပ် ကျားဝတ်(၁)ထည်၊ တီရှပ် မဝတ် (၁)ထည်၊ လက်သန့်ဆေးရည် (၁)ဘူး၊ Mask (၁)ဘူး၊ ခြင်ထောင်(၁)လုံးစီအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)