MNP - ဇွန် ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးတစ်ခုခု ကျရောက်ပါက ကာကွယ်နိုင် ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များမှ အသက်ရှူကိရိယာ B.A set ဇာတ် တိုက်လေ့ကျင့်ခြင်းကို ညောင်ပင်ဈေးရပ်ကွက် မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယနေ့ နံနက် ၉ နာရီ အချိန်က လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက်ရှူကိရိယာ B.A set ဇာတ်တိုက်လေ့ကျင်းခြင်းတွင် ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ကျရောက်ပါက အဆောက်အဦးအတွင်းမှ ပိတ်မိနေသောလူနာများအား ရှာဖွယ်ကယ်ဆယ်ခြင်း၊ ကယ်ဆယ်လာသော လူနာများ ရှေးဦးသူနာပြုစုခြင်း၊ အသက်ရှူကိရိယာ B.A set ဝတ်ဆင်ခြင်း၊ မီးဘေးအန္တရာယ်ကျရောက်ပါက အသက်ရှူကိရိယာ B.A set ဝတ်ဆင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment