မုဒုံမြို့နယ် နှီးပဒေါကျေးရွာဟောင်း၌ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် နှီးပဒေါကျေးရွာဟောင်း၌ Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း




MNP - ဇွန်   ၁၀


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုက်ရေးအတွက် နှီးပဒေါကျေးရွာဟောင်း၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ မိဝတ်ရည်မွန်က Cash For Work စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရသည့် အကြောင်းအရင်းများ၊ စီမံကိန်းလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး စီမံကိန်း ကျေးရွာကော်မတီဝင် ကိုးဦးကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ခဲ့သည်။


ကျေးလက်နေပြည်သူများ ကျေးရွာတွင် ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများကိုယ်တိုင် စီမံကိန်း၏ ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့်သတ်မှတ်ချက်နှင့်အညီ ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်ကိုဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - အောင်မျိုးသူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)