ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

 




MNP - ဇွန်   ၁၀


မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက် ရပ်ကွက်၊ ၈၅ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား တွင် ယနေ့နံနက် ၂ နာရီ ၅၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ၁၅ ပေ × ၄၅ ပေ အကျယ်ရှိ သွပ်မိုး ၂ ထပ်၊ ထရံကာလူနေအိမ်၏ အပေါ်ထပ် အိပ်ခန်းခြေရင်းတွင်ထားရှိသော ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး လူနေအိမ်အပေါ်ထပ်ရှိ ကြမ်းခင်း၊ အမိုးအကာနှင့် အတွင်းပစ္စည်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။  


မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သည့် မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၇၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရပြီး မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင် ဒေါ်စန်းစန်းဝင်း အား အမှတ် ၆ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


သတင်း - ထိပ်ထားနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)