သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန် ပျိုးပင်များ ဆက်လက်ပျိုးထောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန် ပျိုးပင်များ ဆက်လက်ပျိုးထောင်




MNP - ဇွန်   ၁၀


မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ယခုနှစ်မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ ဂေဟစနစ်မပျက်စီးစေရန်၊ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများအနေဖြင့် သစ်ပင်၊ ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၁၂၈၂၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။


မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနရှိ မိုးနဲပျိုးဥယျာဉ်နှင့် နားခံပျိုးဥယျာဉ် ပျိုးဥယျာဉ်နှစ်ခုတို့တွင် ဒေသနှင့်ကိုက်ညီမှုရှိသည့် မယ်ဇလီ၊ ကျွန်း၊ စိန်ပန်းနီ၊ ရေသင်းဝင်၊ ရေတမာ၊ တမာနှင့် ယူကလစ် စသည့် ပျိုးပင်များပျိုးထောင် ထားရှိကြောင်း သိရသည်။


ပျိုးပင်များအား ဌာနဆိုင်ရာ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန် ဇွန်လအစောပိုင်းမှစတင်၍ အခမဲ့ဖြန့်ဝေပေးပြီး ဌာနဆိုင်ရာပေါင်းစုံဖြင့်လည်း ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)