တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-ခုနှစ် နိကာယ်စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-ခုနှစ် နိကာယ်စာမေးပွဲကျင်းပ

 



MNP - ဇွန်  ၈


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ ရပ်ကွက်၊ ဥက္ကလာပဘုရားဝန်းအတွင်းရှိ မဟာမုနိဓမ္မာရုံကြီး၌ မြို့နယ်သာသနာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ်ရေး ဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ၂၀၂၂ - ခုနှစ် နိကာယ်စာမေးပွဲကို စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော် (၃၁)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


တောင်ဥက္ကလာပမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ၂၀၂၂-ခုနှစ် နိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီအထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော် စုစုပေါင်း (၃၁) ပါး ဝင်ရောက်‌ ဖြေဆိုလျက် ရှိကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် စာဖြေခန်းမများသို့ မဝင်ရောက်မီ လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဥက္ကလာပဘုရားဂေါပက အဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - ခင်ဆွေနှင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)