MNP - ဇွန် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ ပြုလုပ်ခြင်းလုပ်ငန်းကို မေလဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၆၉.၆) သန်းဖြင့် (34.2) km နှင့် (34.4) km ကြားရှိ ပြိုကျ သွားသော တံတားချဉ်းကပ်လမ်းအရှည် (၆၁) မီတာနှင့် အမြင့် (၃.၆၆) မီတာရှိ ကျောက်စီမြေထိန်း နံရံပြုလုပ်ခြင်း လုပ်ငန်းကိုလည်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၆၉.၆) သန်းဖြင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက တောင်ကျရေတိုက်စားမှု အန္တရာယ်မှကင်းဝေးပြီး လမ်းပမ်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သတင်း - ဇင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment