ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များ ပြောင်းရွေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များ ပြောင်းရွေ့

 


MNP - ဇွန်  ၂၇


ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေသည် ၂၀၂၂-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများသို့ ရေများစတင်ဝင်ရောက်လျက်ရှိသည်။


အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင်၊ကျေးရွာအုပ်စု (၅)အုပ်စု၊ ကျေးရွာပေါင်း(၁၂)ရွာရှိ အိမ်ထောင်စုပေါင်း(၁၉၂)စု၊ လူဦးရေပေါင်း (၇၆၂)ဦး၊ တိရိစ္ဆာန်ပေါင်း(၆၆၅)ကောင်တို့အား ရေလွတ်ရာကုန်းမြင့်နေရာများ၊ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွေ့နေထိုင်ကြသည်။


တံတားဦးမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၁၂၆၀)စင်တီမီတာဖြစ်ရာ လက်ရှိအချိန် စိုးရိမ်ရေအမှတ် (၁၂၀၈)စင်တီမီတာရောက်ရှိနေပါကြောင်း ၊ ဒုဌဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၈၇၀) စင်တီမီတာဖြစ်ရာ စိုးရိမ်ရေအမှတ်ရောက်ရှိရန်(၄၇)စင်တီမီတာ လိုသေးပါကြောင်း၊ မြစ်ရေဝင်ရောက် သည့် ကျေးရွာအုပ်စုများမှာ  ပေါက်မြိုင်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ လက်ဆောင်ယူကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ငါးရာပြားကျေးရွာ၊ မီးသွေးတိုက်ကျေးရွာ၊ လက်ပန်ဇင်ကျေးရွာ၊ ရွာမကျေးရွာ၊ ဥပ္ပလင်ကျေးရွာ၊ တောင်ကုန်းကျေးရွာနှင့် ကူစုကျေးရွာတို့ဖြစ်ကြောင်း သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)