ပေါက်ခေါင်းမြို့နယ် ညောင်ကုန်ကျေးရွာအုပ်စုရှိ လယ်မြေ ၄၄၁ ဧကအတွက် မိုးသီးနှံစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် ညောင်ကုန်ကျေးရွာအုပ်စုရှိ လယ်မြေ ၄၄၁ ဧကအတွက် မိုးသီးနှံစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

 



MNP - ဇွန်   ၂၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါး စိုက်ပျိုးမည့်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို‌ မေလ ၁၆ နေ့နံနက်ပိုင်းကစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ကုန်း‌ကျေးရွာအုပ်စုရှိ တောင်သူ (၁၆၇)ကိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ထုတ်ချေးပေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိပြီး၊ လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ ယနေ့ညောင်ကုန်းကျေးရွာအုပ်စုမှ တောင်သူ(၁၆၇)ဦး၏ လယ်ယာမြေ(၄၄၁)ဧကအတွက် တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၆၆,၁၅၀,၀၀ဝိ/- သိန်းကို တောင်သူများ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့အထိ ကျေးရွာအုပ်စု (၁၆)အုပ်စုမှ တောင်သူ ၁၄၀၁ ဦး၏ လယ်မြေဧက ၄၂၈၀ ဧက အတွက်စိုက်ပျိုးစရိတ်ချေးငွေ  ၆၄၂,၀၀၀,၀၀ဝိ/- သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှသိရသည်။ ဆက်လက်၍ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။


သ‌တင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)