ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးရန် အရိပ်ရပျိုးပင်မျိုစုံ ၅၆၀၀၀ ကျော် ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးရန် အရိပ်ရပျိုးပင်မျိုစုံ ၅၆၀၀၀ ကျော် ဖြန့်ဝေ



MNP - ဇွန်   ၂၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီဥတုကောင်းမွန်မျှတရန်၊ ပြည်သူများ သစ်တောသစ်ပင်၏တန်ဖိုးကို သိရှိနားလည်စေရန်နှင့် ကိုယ်တိုင်ပါဝင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန် အရိပ်ရပျိုးပင်မျိုးစုံ ၅၆၀၀၀ ကျော် ဖြန့်ဝေကြောင်း ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။


“ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးရန်အတွက် ကျွန်း၊ ပိတောက်၊ မန်ဂျန်ရှား၊ မြန်မာကုက္ကို၊ သင်္ဘောတယ်၊ ပျဉ်းကတိုး၊ ဗာဒံ၊ ကံ့ကော်၊ စိန်ပန်းကြီး၊ မယ်ဇလီ၊ မဟော်ဂနီ၊ လျှော်ဖြူ၊ ယူကလစ်၊ ကဗွီး စတဲ့ပျိုးပင်မျိုးစုံ ပျိုးထောင်ခဲ့ပါတယ်။ တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနဲ့ ဒေသခံပြည်သူများကို ဇွန်လဆန်းပိုင်းက စတင်ပြီး  နှစ်ပေအထက် ပျိုးပင်များအခမဲ့ ဖြန့်ဝေ‌ပေးပါတယ်။ ဌာနက သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပခြင်း၊ လူထုဖြန့်ပျိုးပင်များနဲ့ လမ်းဘေးဝဲယာမှာ အရိပ်ရပင်များ စိုက်ပျိုးလျက်ရှိပါတယ် “ဟု မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


ကျွန်းလှမြိုနယ်တွင် ယခုနှစ် (မိုးရာသီ) လူထုဖြန့်ဝေရန် ပျိုးပင်မျိုးစုံ ၃၀၀၀၀၊ ဒေသအစုအဖွဲ့ပိုင် သစ်တောများစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ ၂၆၄၁၂၊ စုစုပေါင်း ပျိုးပင်မျိုးစုံ ၅၆၄၁၂ အား ဖြန့်ဝေပေးခဲ့ပြီး အထူးပျိုးပင် ၄၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)