ဇီးကုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

 




MNP - ဇွန်  ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရေးအတွက် စိုက်ပျိုးထားရှိသော သဘာဝသစ်စိမ်းမြေဩဇာ  (ပိုက်ဆံလျှော်)ဧက(၇)ဧက စိုက်ခင်းများအား မြေဆီလွှာထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲ ထယ်မှောက်ခြင်းအခမ်းအနားကို ယနေ့နံနက်  ၉နာရီက လယ်မကျေးရွာအုပ်စု  ကွင်းအမှတ် (၃၈၁)၊ တောင်သူဦးမြဌေး၏လယ်မြေတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိူးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက် ခဲ့သည်။


၂၀၂၂ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲတွင် ဇီးကုန်းမြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးမှ တက်ရောက်လာသူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်းဖြင့် ရရှိနိုင်မည့် အကျိူးကျေးဇူးများနှင့် မြေဆီလွှာ၏ဂုဏ်သတ္တိများ ပြောင်းလဲလာကာ ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင်ပြီး စပါးအထွက်နှုန်းတိုးတက်စေကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက် စိုက်ပျိူးခြင်းကိုဆောင်ရွက်ရာ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့သည်။ ဇီးကုန်းမြို့နယ်၌ ၂၀၂၂ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ၁၅၇ ဧက ထည့်သွင်းစိုက်ပျိူးထားပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)