ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေတက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေတက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု



MNP - ဇွန်   ၁၁


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေ တက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ်ဝန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ဆိုင်ကယ်များ စနစ်တကျရပ်နားနိုင်ရန်အတွက် နေရာတိုးချဲ့ဆောင်ရွက်မည့် သတ်မှတ်မြေနေရာများအား လှည့်လည်ကြည့်ရှုကြရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်အဝင်မုခ်ဦးမှ ပင်မကျောင်းဆောင်ကြီး လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ စာသင်ဆောင်များ၊ အားကစားရုံများနှင့် စာသင်ဆောင်သွားလမ်းများတွင် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။  


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များ၊  ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် စစ်တွေတက္ကသိုလ်ဝင်းအတွင်းရှိ ပင်မသုံးထပ်ဆောင်ရှေ့ လမ်းဘေးဝဲယာ၊ စာသင်ဆောင်များနှင့် အားကစားရုံများ ပတ်ဝန်းကျင်နှင့် စာသင်ဆောင်များ သွားလမ်းတို့တွင် ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများရှိ အမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များ၊  ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၁၅၀ ကျော်တို့သည် စစ်တွေတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် နေရာ (၈) နေရာခွဲပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)