ကချင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး



MNP - ဇွန်   ၁၁


နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ပြည်နယ်လက်ရွေးစင်အကအဖွဲ့များ ရွေးချယ်နိုင်ရေး ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သဘင်အစည်းအရုံး တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဝါသနာရှင် ပထမတန်းနှင့် ဒုတိယတန်း၊ အခြေခံ ပညာအဆင့် ပြိုင်ပွဲများအလိုက် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး၊ တိုင်းရင်းသားရိုးရာအက ရွေးချယ်ယှဉ် ပြိုင်နိုင်ရေး၊ မြို့နယ်အဆင့် ပြိုင်ပွဲများမှလက်ရွေးစင်အသင်းများကိုသာ ပြည်နယ်အဆင့်တွင် ရွေးချယ်ယှဉ်ပြိုင်နိုင်ရေး၊ ပြိုင်ပွဲဝင်များအတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များစသည့်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)