ကျောက်ဖြူမြို့တွင် (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့အား သံဃာတော် ၁၂၇ ပါး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့အား သံဃာတော် ၁၂၇ ပါး ဝင်ရောက်ဖြေဆို



MNP - ဇွန်   ၁၁


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ (၂၉)ကြိမ်မြောက် နိကာယ်စာမေးပွဲနောက်ဆုံးနေ့ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက စတင်ကျင်းပလျက်ရှိရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော် ၁၂၇ ပါးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


ထိုသို့ ဖြေဆိုရာတွင် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်များမှ စာဖြေသံဃာတော်များမှာ စာဖြေအုပ်စု(၉)အုပ်စုရှိသည့်အနက်မှ အုပ်စု(၁) ပါရာဇိတပါဠိဘာသာရပ်၊ အုပ်စု(၂)သီလက္ခန္ဓဝဂ္ဂပါဠိဘာသာရပ်၊ အုပ်စု(၅) ဧကကမှ စတုတ္တနိပါတထိနှင့် အုပ်စု(၈)ဓမ္မသင်္ဂဏီပါဠိဘာသာရပ်အား ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယနေ့ နိကာယ်စာမေးပွဲ နောက်ဆုံး နေ့ အုပ်စု(၁)တွင် စာရင်းရှိ(၂၁၁)ပါး ဖြေဆို(၁၁၀)ပါး၊ အုပ်စု(၂)တွင် စာရင်းရှိ (၁၇)ပါး ဖြေဆို(၁၂)ပါး၊  အုပ်စု(၅)တွင် စာရင်းရှိ(၈)ပါး ဖြေဆို(၅)ပါး၊ စုစုပေါင်း စာဖြေ သံဃာတော်(၁၂၇)ပါးမှ အေးချမ်းစွာဝင်‌ရောက်ဖြေဆိုလျက်ရှိသည်။ ယင်းသို့ စာဖြေ သံဃာတော်များအေးချမ်းစွာဝင်ရောက်ဖြေဆိုနေမှုကို ကျောက်ဖြူခရိုင် သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ ဆရာတော်ကြီးများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျောက်ဖြူမြို့တွင် အဆိုပါစာမေးပွဲအား ဇွန်လ(၇)ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့အထိ (၅) ရက်ကြာ မွန်းလွဲ(၁)နာရီမှ ညနေ(၅)နာရီအတွင်း ကျင်းပလျက်ရှိကြောင်း သိရှိရသည်။


သင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)