တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရနိကာယ်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရနိကာယ်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး





MNP - ဇွန်   ၁၁


မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားစေရန်နှင့် ပရိယတ္တိ သာသနာအကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် သာသနာ့ အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ် စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၂-ခုနှစ် ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စု(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၈) စသည်ဖြင့် အုပ်စုများခွဲ၍ ကျင်းပကျင်းပပြုလုပ်ခဲ့ရာ ယနေ့စာမေးပွဲ နောက်ဆုံးနေ့တွင် မြို့နယ် အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်/ သီလရှင် (၁၅၈)ပါး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အစိုးရ နိကာယ်စာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ၂၀၂၂-ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီအထိ (၅)ရက်တိုင်တိုင် အုပ်စုများခွဲ၍ ကျင်းပ ပြုလုပ်ခဲ့ရာ စာမေးပွဲ ပထမနေ့တွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်/ သီလရှင် (၁၈၅)ပါး၊ ဒုတိယနေ့တွင် (၁၂၂)ပါး၊ တတိယနေ့တွင် (၁၇၆)ပါး၊ စတုတ္ထနေ့တွင် (၁၁၄)ပါး၊ ယနေ့ စာမေးပွဲ နောက်ဆုံးနေ့တွင် (၁၅၈)ပါး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းနှင့် စာဖြေသံဃာတော်များအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် စာဖြေခန်းမများသို့ မဝင်ရောက်မီ လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)