MNP - ဇွန် ၁၁
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်းဝင်းအတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းမိသားစုများ၏ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါ ကျောင်းဝင်း အတွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ် သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင် ဦးဆောင်၍ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်နယ်သစ်တော ဦးစီးဌာန၊ ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ အမှတ်(၂) သတ္ထုတွင်း ဦးစီးဌာန၊ သတ္ထုတွင်း ဦးစီးဌာန၊ ဆားလုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်းစသည့် ဦးစီးဌာနလုပ်ငန်း (၁၆)ခုမှ ပြည်နယ်ဦးစီးမှူးများ၊ ပြည်နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အနီး ကွင်းပြင်၌ ကံကော်၊ ခရေ၊ ရေတမာ၊ ထင်းရှုး၊ မန်ဂျန်ရှားစသည့် သစ်မျိုး ၁၁ မျိုးမှ ပျိုးပင်ပေါင်း ၄၄၄ ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ဖြစ်ထွန်းစေရေး ပြုစုပျိုးထောင် ပေးခြင်း၊ မြေသြဇာ ထည့်သွင်းပေးခြင်းတို့ကို အလေးထား လုပ်ဆောင်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျောင်း သား/ ကျောင်းသူများအား လိုက်လံ နှုတ်ဆက်အားပေးခဲ့ပြီး သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment