MNP ၊ ဇွန် ၃၀
ယနေ့ ဇွန် ၃၀ရက် နံနက်ပိုင်းက ရှမ်းနီ (နာဂ)ဒေသ၊ သီတဂူခန္တီးစက္ခုဒါနဆေးရုံ၊ ကုသရေးလုပ်ငန်းများအား သီတဂူဆရာတော်ကြီး ကြွရောက်ကြည့်ရှု၍ လူနာများနှင့်နွေးထွေးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ဦးဆောင်သော သီတဂူနယ်လှည့်စက္ခုဒါန အဖွဲ့ ခန္တီးမြို့ (နာဂ) ရှမ်းနီ ဒေသသို့ ဇွန် ၂၉ရက်တွင် ရောက်ရှိခဲ့ပြီး မျက်စိကုသရေးလုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၂၉ရက်တွင် လူနာ ၂၀၀ဦးအား ဆရာ၊ ဆရာမများက စမ်းသပ်ကုသခဲ့ပြီး ၎င်းတို့အနက် လူနာ ၂၄ဦးအား ခွဲစိပ်ကုသပေးမည်ဟု သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment