စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်း PDF ထိမ်းချုပ်နယ်မြေဖြစ်နေပြီး ကျွန်းလှမြို့နယ် ကျေးရွားအုပ်စုပေါင်း ၃၈ အုပ်စုရှိရာ နစက ဘက်မှ မြို့ပေါ် ၄ ရပ်ကွက်နှင့် ၇ မိုင်ပတ်လည်အတွင်းရှိ ကျေးရွာအုပ်စု ၅ အုပ်စုသာ စိုးမိုးနိုင်ပါတယ်။ ကျန်ကျေးရွားအုပ်စု ၂၉ အုပ်စု သည် PDF စိုးမိုးနယ်မြေ ဖြစ်လျှက်ရှိနေသည်။ ကျွန်းလှမြို့နယ်သည် ပင်လယ်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ တန်ဆည်မြို့နယ်များနှင့် ထိဆပ်လျှပ်ရှိပြီး KIA လမ်းကြောင်းပေါ်တွင်တည်ရှိနေပါသည်။ လုံခြုံရေးရာ တာဝန်ရှိသူများအနေဖြင့် ကျွန်းလှမြို့နယ်အတွင်းမှ PDF ကြီးစိုးထားသော ကျေးရွာအုပ်စု ၂၉ အုပ်စုအားပြန်လည်ထိမ်းချုပ်နိုင်ပါက စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မကွေးတိုင်း တို့အထိ KIA နှင့် လက်နက်စီးဝင်မှုအား ထိမ်းချုပ်နိုင်မည်ဖြစ်ပါသည်။
ကျွန်တော်တို့ ကျွန်းလှမြို့နယ်သည် ပင်လယ်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ တန်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ် အားလုံးရှိ PDF အကြမ်းဖက်သမားများ လာရောက်စုဝေးရာ လွတ်မြောက်နယ်မြေဖြစ်နေပြီး ၎င်းတို့၏ ရိက္ခာနှင့်ငွေကြေးကောက်ခံရာ အခိုင်မာဒေသအဖြစ် ဖြစ်တည်လျှက် ရှိပါသည်။
ရေနံ(လျှံတွင်း)များမှ နေ့စဉ် ပေပါ ထောင်ချီ ထွက်နေပြီး ကားတစ်စီးလျှင် ၁၅၀၀၀၀ နှုန်းဖြင့် PDF, KIA အကြမ်းဖက်အုပ်စုက ငွေကြေးကောက်ယူနေသည့်အပြင် ရေနံ လျှံတွင်း များကို လုပ်ကိုင်နေသူများမှာလည်း PDF ခေါင်းဆောင်များ ဖြစ်နေပါသည်။ သဖမ်းဆိပ်ဆည်အတွင်းမှ ရွှေမျောများမှလည်း ၎င်းတို့အတွက် ဆက်ကြေးရရှိနေပြီး ဒေသခံ ပြည်သူလူထုအပေါ် လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျ စိုးမိုး၍ တိုင်းပြည်၏ တွင်းထွက် သယံဇာတမများမှ ငွေေကြေးရရှိပြီး တိုင်းရင်းသား ပြည်သူ အချင်းချင်း လုပ်ကြံသတ်ဖြတ်နေသည့် PDF, KIA အကြမ်းဖက်သများကို အမြန်ဆုံး နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် လုံခြုံရေးရာ တာဝန်ရှိသူများထံ အလေးအနက် တင်ပြလိုက်ရပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
https://t.me/MyanmarNationalPost

No comments:
Post a Comment