မြန်မာ ယူ- ၁၉ အသင်း အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ ယူ- ၁၉ အသင်း အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် ထွက်ခွာ


MNP ၊ ဇွန် ၃၀

အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းသည်  ဇွန် ၂၉ ရက် ညပိုင်းက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

 မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းတွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၈ ဦး၊ ကစားသမား ၂၆ ဦး ပါဝင်ပြီး ဇူလိုင် ၂ ရက်တွင် ဘရူနိုင်း၊ ဇူလိုင် ၄ ရက်တွင် ထိုင်း၊ ဇူလိုင် ၆ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


၂၀၂၂ အာဆီယံချန်ပီယံရှစ် ယှဉ်ပြိုင်မည့် မြန်မာယူ ( ၁၉ ) အသင်း၏ လူစာရင်းတွင် 

ဂိုး  - ဟိန်းထက်စိုး ၊ ထက်အာကာဝင်း ၊  စိုင်းစွမ်တွန်းခေး 

နောက်တန်း - လင်းလင်းထွန်း ၊ လန်းဆန်းအောင် ၊  ထွန်းထွန်းသိန်း ၊ မျိုးမင်းဟိန်း ၊ ကျော်ဝဏ္ဏ ၊  ခန့်ဇင်ဟိန်း ၊ ခွန်အောင်စိုး 

အလယ်တန်း 

- ဟိန်းဇော်နိုင် ၊ ချစ်အေး ၊ သာယာဝင်းထက် ၊  လမင်းထွေး ၊ မိုးဆွေ ၊ ရဲကောင်းဆက် ၊  ဇော်ဝင်းသိန်း ၊ ဥက္ကာနိုင် ၊ အာကာကျော် ၊  သူရအောင် ၊ ဖြိုးသန့်ကိုကို ၊ စိုးမြတ်မင်း ၊ ရဲရင့်ဖြိုး 

ရှေ့တန်း - စွမ်းထက် ၊ ထက်မြတ်လွင် ၊ သိန်းဇော်သီဟ တို့ ပါဝင်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)