မိုင်းယုမြို့၌ ကျေးလက်ဒေသလူမှုဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နယ်လှည့်အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ကျေးလက်ဒေသလူမှုဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး နယ်လှည့်အသိပညာပေး




MNP - ဇွန်   ၁၂


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည့် ကျေးလက်နေပြည်သူများ လူမှုဘဝဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ယမန်နေ့က မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ ဘုန်းကြီးကျောင်း၌ နယ်လှည့်အသိပညာပေးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဟောပြောပွဲတွင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးက ကျေးလက်နေ ပြည်သူများအား လူမှု့ဘဝဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သတ်၍ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍာအလိုက် ကျေးလက်ဒေသလိုအပ်ချက်များကို  ရှင်းလင်းဟောပြော ဆွေးနွေးနိုင်ရန်အတွက် အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။


ထို့နောက် တက်ရောက်လာခဲ့ကြသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာနိုင်ရေး၊ ကလေး ငယ်များနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်များ၊ အသက်(၅)နှစ်ပြည့်ပြီးသော ကလေးငယ်များ ကျောင်းနေနိုင်ရေးနှင့် ပညာရေးကဏ္ဍာနှင့်ပတ်သတ်၍ ကျောင်းသားမိဘများ သိရှိလိုပါက လာရောက်ဆွေးနွေးနိုင်ရေး၊ မှုခင်းကျဆင်ရေးနှင့် ပတ်သတ်သည့် ဒေသတွင်းဖြစ်ပေါ်ခဲ့သည့် အ‌ခြေအနေများ၊ အသက်(၁၈)နှစ် မပြည့်သေးသည့် ကလေးများကို မိဘများ အထူးကြပ်မတ် ထိန်းသိမ်းနိုင်ရေး၊ ပြစ်မှုပစ်ဒဏ်များ၊ မူးယစ်ဆေးဝါးရောင်း/ ဝယ်မှုနှင့်ပတ်သတ်၍ သတင်းပေးနိုင်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ အကောင်းအရာတို့ကိုလည်းကောင်း ရှင်းလင်းဟောပြောသည်။


ယင်းနောက် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” နှင့်ပတ်သတ်၍ နိုင်ငံသားကတ်ပြုလုပ်မှုနှင့်ပတ်သတ်သည့် လုပ်ဆောင်ရမည့် အချက်များ၊ သဘာဝရေ၊ မြေနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာအချက်အလက်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သတ်၍ လိုက်နာ ရမည့် ဥပဒေနှင့်စည်းကမ်းချက်များ၊ လူငယ်နှင့်စာရိတ္တမြင့်မားစေရေး၊ ဒေသရှိ အိမ်မွေးတိရိစ္ဆာန်တို့၏ ရာသီအလိုက်ဖြစ်ပေါ်လေ့ရှိသည့် ရောဂါများနှင့် ကာကွယ်ရန်အချက်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများစသည့် အကြောင်းအရာများကို ကဏ္ဍာအလိုက် ရှင်းလင်းဟောပြောခဲ့ကြရာ တက်ရောက်လာကြသည့် မိုင်းလွေကျေးလက်ပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစိးဌာနမှ  တက်ရောက်လာကြသည့် မိုင်းလွေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးလက် ပြည်များကို လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပညာပေးပြသပေးခဲ့ကြကြောင်းသိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)