မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကျင်းပ






MNP - ဇွန်  ၁၂


ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက မိမိတို့ရဲ့ ဝန်ထမ်းသားသမီးများကို  ယခုလို ကျောင်းဖွင့်ရာသီမှာ ကျောင်းတက်ပြီးတော့ ပညာရည် ထွန်းထွန်းပေါက်ပေါက်ဖြစ်စေရေးအတွက် မိဘများက အနီးကပ်ကြီးကြပ်ပြီး  ဝိုင်းဝန်းကူညီပံ့ပိုးစောင့်ရှောက်ပေးကြဖို့နှင့် လိုအပ်သည့်အခက်အခဲများကိုလည်း ဝိုင်ဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းအဖွင့်အမှာစကားများ ပြောကြားခဲ့သည်။


ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/သမီးများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကိုကျင်းပရာ တက္ကသိုလ်အဆင့်ကျောင်းသား/သူ(၄)ဦးအတွက် ကျောင်းဝတ်စုံနှင့်အတူ ကျောင်းသုံးဗလာစာအုပ်တစ်ဒါဇင်နှင့် ဘောပင်(၃)ချောင်းစီနှင့် ပညာသင်ထောက်ပံ့ငွေကျပ်(၇၀၀၀၀)စီနှင့် အထက်တန်းအဆင့်ကျောင်းသား/သူ (၃)ဦးအတွက် ကျောင်းဝတ်စုံနှင့်အတူ ကျောင်းသုံးဗလာစာအုပ်တစ်ဒါဇင်နှင့် ဘောပင်(၃)ချောင်းစီနှင့် ပညာသင်ထောက်ပံ့ငွေကျပ်(၅၀၀၀၀)စီကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၏ဇနီး မုံရွာခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်တို့မှလည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား/သူ(၂)ဦးအတွက် ကျောင်းဝတ်စုံနှင့်အတူ ကျောင်းသုံးဗလာစာအုပ်(၆)အုပ်နှင့် ဘောပင်(၃)ချောင်းစီနှင့် ပညာသင်ထောက်ပံ့ငွေကျပ်(၄၀၀၀၀)စီနှင့် မူလတန်းအဆင့်ကျောင်းသား/သူ(၄)ဦးအတွက် ကျောင်းဝတ်စုံနှင့်အတူ ကျောင်းသုံးဗလာစာအုပ်(၆)အုပ်နှင့် ခဲတံ(၃)ချောင်း၊ ခဲဖျက်(၁)ခုစီနှင့် ပညာသင်ထောက်ပံ့ငွေကျပ်(၃၀၀၀၀)စီတို့ကို  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာမှ လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက တက်ရောက်လာသော ကျောင်းသူ/သားများနှင့် မိဘများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။


ယနေ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းသား၊သမီးများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် ကျောင်းသား/သူစုစုပေါင်း (၁၃)ဦးအတွက် ကျောင်းဝတ်စုံနှင့်အတူ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက် တို့အပြင် ထောက်ပံ့ငွေကျပ်(၆၃၀၀၀၀)ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)