MNP - ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်အိအိမွန်က ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်သို့ ဝင်ထွက်သွားလာသည့်အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြင်စလူမြို့နယ် မြေစခန်းမှူးရဲအုပ်အေးမင်းထွဋ်က သင်တန်းတွင် ဂရုတစ်စိုက်နှင့် သင်ကြားနာယူကြရန် ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးသိန်းဇော်လင်းက သင်ကြားမည့်ဘာသာတို့ကို ရှင်းလင်းခဲ့ပြီး သင်ခန်းစာများကို ပို့ချခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသူ/သား (၂၂) ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး ဇူလိုင်လ (၃) ရက်နေ့ ထိ ကျောင်းပိတ်ရက်များဖြစ်သော အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ညနေ ၃ နာရီမှ ၄ နာရီခွဲအချိန်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ယောဧရာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment