ဟုမ္မလင်း၌ စိုက်ပျိုးရေးသိပ္ပံ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်း၌ စိုက်ပျိုးရေးသိပ္ပံ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ





MNP - ဇွန်   ၁၂


စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်းမြို့၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်း စိုက်ပျိုးရေးသိပ္ပံရုံးခန်း ကျောင်းဆောင်သစ် အောက်ထပ်ဆောင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဟုမ္မလင်းစိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်နှင့် ဆရာ/မများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်းစိုက်သိပ္ပံ ကျောင်းအုပ်ကြီး ဦးသန့်ဇင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူ ဒေါ်စုစုထွေးတို့က မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ‌ကျောင်းသား/သူများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)