ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကဆန်ချောင်းရေတိုက်စားမှုပြုပြင်ဆောင်ရွက် နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကဆန်ချောင်းရေတိုက်စားမှုပြုပြင်ဆောင်ရွက် နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်



MNP - ဇွန်   ၁၉


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှုအ‌ခြေအနေကိုကွင်းဆင်း စစ်ဆေးသည်။


ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် နောင်မွန်း-မချမ်းဘော့-ပူတာအိုကားလမ်းမကြီးဘေး ကဆန်ဒမ်းနှင့်ရပ်ဘော့ကျေးရွာကြား၊ ရပ်ဘော့နှင့် တဆယ်ထုကျေးရွာကြားတို့တွင် ကဆန်ချောင်း ရေတိုက်စားမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ကားလမ်းဘေးတိုက်စားထားခြင်းဖြစ်သောကြောင့် ခရီး သွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး ကန့်သတ်အမှတ်အသားများ ပြုလုပ်ထားရှိရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်စွန့်ကန် ဆောင်ရွက်သွားမည့်မြေနေရာအားကြည့်ရှုစစ်ဆေးပြီး မြို့မဈေးတွင် ပြည်သူများလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေမှုနှင့် ဈေးခြံစည်းရိုးကာရံနိုင်ရန်ရေးကြည့်ရှုစစ်ဆေးသည်။ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့ ဂူဘားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်‌နေမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့ မလိခတံတား(မချမ်းဘော့)အနီး မန်ဂျန်ရှားပင် စိုက်ခင်း(ဝ.၅၀)ဧကတွင် မန်ဂျန်ရှားပင်(၂၅၀)ပင်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက စိုက်ပျိုးထားသည့် အပင်များရှင်သန်နိုင်ရေးဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ရေးမှာကြားသည်။


ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ထွေအုပ်ရိပ်သာဧည့်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် အထက်နမ့်ထွမ်‌ရေအားလျှပ်စစ်စက်ရုံမှ ပူတာအို/မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)