အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး နိုင်ငံတော်အကြီးအကဲများအနေဖြင့် အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး နိုင်ငံတော်အကြီးအကဲများအနေဖြင့် အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)


လေးစားအပ်ပါသော နိုင်ငံတော်အကြီးအကဲများခင်ဗျာ -

စစ်ကိုင်းတိုင်ဒသေကြီး၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာကို PDF အကြမ်းဖက်အဖွဲ့များက အသွားအလာ ပိတ်စို့ထားသည်မှာ ၃-၃-၂၀၂၂ ရက်နေ့မှ စ၍ ယနေ့ထိတိုင်ပင် ဖြစ်ပါသည်။ ၎င်းတို့ ပိတ်စို့ထားသည့်အတွက် PDF အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံခြင်းမရှိသည့် ရွာသူရွာသားများမှာ လွန်စွာ အတိဒုက္ခရောက်နေကြပါသည်။ မည်သည့် အဖွဲ့အစည်းကမှ ထိရောက်သော ကူညီမှု၊ နယ်မြေရှင်းလင်းမှုများကို ယနေ့အချိန်အထိ လုပ်ဆောင်ပေးခြင်း မရှိသေးပါ။

ကင်မွန်းတော် ရွာသူရွာသားများမှာ ရွာ၏ ပြင်ပသို့ မထွက်ရဲဘဲ ရိတ်သိမ်းရမည့် ဆောင်းသီးနှံ ပဲ၊ ဂျုံ၊ ခရမ်းချည် များကို ရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ပါ။ နွေသီးနှံဖြစ်သော ပဲတီစိမ်း၊ နှမ်း အစရှိသော သီးနှံများ စိုက်ပျိုးလုပ်ကိုင်ခွင့် ဆုံးရှုံးခဲ့ရခြင်းကြောင့် များစွာ နစ်နာဆုံးရှုံးခဲ့ရပါသည်။ 

ဖေဖော်ဝါရီလမှ စ၍ ကင်မွန်းတော်ရွာ၏ အရှေ့ဘက်တွင် ရှမ်းထူးကျေးရွာ PDF အဖွဲ့၊ ညောင်ပင်တဲကျေးရွာ PDF အဖွဲ့၊ ပေါက်ပင်ကျေးရွာ PDF အဖွဲ့၊ ထူးနီကျေးရွာ PDF အဖွဲ့၊ မြောက်ဘက်တွင် အင်းမကျေးရွာ PDF အဖွဲ့၊ တောင်ဘက်တွင် ဆီပုဂံကျေးရွာ PDF အဖွဲ့၊ တောင်ဖီလာကျေးရွာ PDF အဖွဲ့၊ အရှေ့မြောက်ဘက်တွင် မသဲကြိုးကျေးရွာ PDF အဖွဲ့၊ ချောင်းဦးမြို့ပေါ်မှ ဆင်းလာသော PDF အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်း၊ မိုင်းများဖြင့် ပစ်ပေါက်ခွဲ၍ ရန်စနေသည်မှာ လအတော်ကြာ ဖြစ်ခဲ့ပါသည်။

ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့ထားသော ကျေးရွာများမှာ (၃)ရွာသာ ရှိ၍ ၎င်း(၃)ရွာမှ အပ တခြားသော ကျေးရွာများမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံအားပေး၍ အချို့သော ကျေးရွာများတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ၏ စခန်းများပင် ချထားပါသည်။ 

ကင်မွန်းတော်ကျေးရွာတွင် ဖွဲ့စည်းပေးထားသော ပြည်သူ့စစ်အဖွဲ့အစည်းတွင် လူအင်အားများပြားသော်လည်း လက်နက်အင်အားမှာ လွန်စွာ နည်းပါးနေပါသဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ ပတ်ပတ်လည် ဝိုင်းဝန်းပိတ်စို့နေမှုကို ခုခံ ရှင်းလင်းနိုင်ခြင်းမရှိပါ။ ရွာသူရွာသားများမှာ နေ့ရော ညပါ လွန်စွာ ထိတ်လန့်တုန်လှုပ်နေရပါသည်။ PDF အကြမ်းဖက်အဖွဲ့များက ကင်မွန်းတော်ကျေးရွာကို အစာဖြတ်၊ ရေဖြတ်၊ မီးဖြတ်၊ အသွားအလာဖြတ် စသည်တို့ဖြင့် စနစ်တကျ အကြမ်းဖက်နေကြခြင်းဖြစ်ပါသည်။

ရွာ၏ ပြင်ပသို့ မထွက်နိုင်အောင် PDF အကြမ်းဖက်သမားများက ပိတ်စို့နေခြင်းကြောင့် အကြမ်းဖက်အဖွဲ့အစည်းကို မလိုလားသော ကင်မွန်းတော်ကျေးရွာအတွင်းရှိ အပြစ်မဲ့ ကျေးရွာသူ ရွာသားများမှာ ယခုအခါ စားရေးသောက်ရေး ပြဿနာ၊ ကျန်းမာရေးပြဿနာ၊ အခြေခံ မူလတန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းများသို့ မတက်ရောက်နိုင်သည့် ပြဿနာများနှင့် ကြုံတွေ့နေရပါသည်။

ထို့ပြင် လယ်ယာလုပ်ငန်းတွင် အသုံးပြုသည့် နွားများ ဆေးမကုသနိုသည့်အတွက် အကောင်ရေမြောက်များစွာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရပါသည်။ 

သို့ဖြစ်ပါ၍ ချောင်းဦးမြို့နယ်နှင့် အမြင့်စံပြကျေးရွာသို့ ဖောက်ထားသည့် ကျေးလတ်ကုန်ထုတ်လမ်းအား အမြန်ဆုံးသွားလာခွင့်ရအောင် အလေးထားဆောင်ရွက်ပေးသင့်ပါသည်။

နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်သမားများသည် ကင်မွန်းတော်ကျေးရွာနေ အပြစ်မဲ့ပြည်သူ (၃၇)ဦး အထိ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်ပါသည်။ ကင်မွန်းတော်ကျေးရွာနေ အပြစ်မဲ့ ရွာသူရွာသားများမှာ ယုတ်မာရက်စက်စွာ သတ်ဖြတ်မှုများကို ကြုံတွေ့ခဲ့ရသည့်အတွက် လွန်စွာထိတ်လန့်တုန်လှုပ်၍ ကျန်းမာရေးပြဿနာ၊ စားသောက်နေထိုင်ရေးပြဿနာ၊ ပညာရေးပြဿနာများ ဖြေရှင်းနိုင်ရန် PDF အကြမ်းဖက်သမားများ သောင်းကျန်းနေသော ချောင်းဦးမြို့နှင့် အမြင့်စံပြကျေးရွာသို့ ဖောက်လုပ်ထားသော ကျေးလတ်ကုန်ထုတ်လမ်းကို အမြန်ဆုံး သွားလာခွင့် ရအောင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ကင်မွန်းတော်ကျေးရွာမှ ရွာသူရွာသားများ ကြုံတွေ့နေရသော ကျန်းမာရေး၊ စားဝတ်နေရေး၊ ပညာရေး ပြဿနာများကို နိုင်ငံတော်အကြီးအကဲများ သိရှိနိုင်စေရန်နှင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


(PDF အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်စွာ သတ်ဖြတ်မှုကြောင့် ကင်မွန်းတော် ရွာမှ သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူ (၃၇)ဦး စာရင်း -

၂-၄-၂၀၂၁ - ဦးကျော်ထွေး

၂၇-၅-၂၀၂၁ - ဦးအောင်ကျော်မင်း၊ ဦးပေါရှိန်၊ ဦးဒေါင်းငွေ၊ ဒေါ်စန်းမော်၊ ဒေါ်သီတာအေး

၁၄-၁၁-၂၀၂၁ - မောင်သူရိန်ဦး၊ မောင်နေမျိုးအောင်၊ မောင်ဖိုးချမ်း၊ မောင်ဟိန်းခန့်ဇော်၊ 

၁၈-၁၂-၂၀၂၁ - ဦးနီ

၁-၂-၂၀၂၂ - ဦးကျောက်ခဲ၊ မမြင့်မြင့်သူ

၄-၃-၂၀၂၂ - ဦးစံပေါ၊ မောင်မိုးမင်း၊ မောင်တင်မိုးဇော်၊ ဒေါ်သန်းဌေး

၉-၃-၂၀၂၂ - ဦးနိုင်ဝင်း

၂၈-၃-၂၀၂၂ - ဦးသံချောင်း၊ ဒေါ်သန်းနွဲ့၊ မောင်ဇော်ကိုလတ်၊ မသီသီအောင်၊ မောင်ကိုခန့်၊ မောင်ဟိန်းသက်လွင်

၁၇-၄-၂၀၂၂ - မောင်မင်းလှစိုး

၁-၅-၂၀၂၂ - ဦးပြားကြီး၊ ဒေါ်တင်တင်မော်၊ မနှင်းသက်ဝေ၊ မသွယ်ဇင်ဝင်း၊ ဒေါ်ယဉ်မာဌေး၊ ဒေါ်စန်းညွန့်စိန်၊ မောင်မင်းမင်း၊ မောင်လှိုင်မျိုးထွန်း၊ ဦးစိုးသန်း၊ ဦးကျော်ဆွေ၊ ဦးဇော်လွင်၊ ဦးသန့်ဇင်မင်း)


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)