မိုင်းကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ



MNP - ဇွန်  ၁၉


ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့မနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ထက်/လယ်/မူ ဆင့်ကျောင်းသားကျောင်းသူများ၏  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးစာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့  မိုင်းကိုင်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ ကျောင်းကိုယ်စားပြုလက်ရွေးစင် ထက်/လယ်/မူ ကျောင်းသားကျောင်းသူ  ၃၈ ဦး  တို့က  "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်" ၊ "စဉ်လာဆုံးမ ဩဝါဒရှောင်ကြမူးယစ်ဆေး" ၊ "ရှောင်လေဝေးဝေး မူးယစ်ဆေး"ဟူသော ခေါင်းစဉ်များဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း ၊မြို့နယ်ပညာရေးမှူး  ဦးခင်မောင်ကို ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးနှင့်ဝန်ထမ်းများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများကလာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး  လိုအပ်သည်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)