ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ



 MNP - ဇွန်   ၁၈


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ တက္ကသိုလ်(Recreation Centre) နှစ်ထပ်ဆောင်ခန်းမ၌ ကျင်းပသည်။


ပထမဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဆင့်မြင့် တက္ကသိုလ် အတန်း ပညာရပ်များအပြင် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်တတ်ကြစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်လာစေရန်တို့အတွက် အားကစားပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အားကစား သစ္စာဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြ သည်။


ဆက်လက်၍ ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ ဝင်းအိအိနှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာခင်ခင်ထွတ်တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံစားပွဲ တင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။


အဆိုပါပခုက္ကူတက္ကသိုလ်၊၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင် ပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံ(၁၀)ဌာနမှ ကျောင်းသား၊ ကျောင်းသူ (၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲကို ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)