ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ



MNP - ဇွန်  ၁၈


မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနက ဦးဆောင်ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ညောင်ဦး-မြင်းခြံ-ပခုက္ကူလမ်းမကြီး မြေနဲလေးကျေးရွာအနီးရှိ လမ်းမကြီး ဝဲ/ယာတွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီခွဲအချိန်၌ နဖူးတောကျေးရွာ ညောင်ဦး-ကျောက်ပန်း တောင်းကားလမ်းမကြီးအနီး ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာတွင်လည်းကောင်း မြို့စိမ်းလန်းစိုပြေသာယာ လှပစေရေး မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ်၊ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနန်းတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ပြည်တွင်းဧည့်လမ်းညွှန် အသင်းသား/သူများ၊ တက်ရောက် စိုက်ပျိုးကြ ကြောင်း သိရသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း(၁၀၀)ပင်၊ ခရေ(၇၅)ပင်၊ ရေတမာ(၆၀)ပင်၊ စိန်ပန်း (၁၀၀)ပင်၊ ယင်းမာ (၇၅)ပင်၊ တမာ (၃၀)ပင်၊ ယင်းမာ(၃၀)ပင်၊ နှစ်နှစ်သက်တမ်းရှိ နှစ်ပေအထက်ပျိုးပင်မျိုးစုံ (၄၇၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)