မိုင်းနောင်မြို့ အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းနောင်မြို့ အထကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

 



MNP - ဇွန်  ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်များအားလုံး မူးယစ်ဆေးဝါး၏ အန္တရာယ်များကို ရှောင်ရှားနိုင်ရန်နှင့် မူးယစ်ဆိုးကျိုးများကို သိရှိနိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်ကာ မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် ခေါင်းစဉ်ဖြင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်များမှ ကျောင်းသားကျောင်းသူ (၉၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသူများကို ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - မနန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)